Liverpool FC - Supporters from Myanmar

လီဗာပူးရဲ့ကွင်းလယ်ကစားသမား နာဘီ ကီတာ က

ဒီနွေအပြောင်းအရွှေ့စျေးကွက်မှာ ထွက်ခွာနိုင်ခြေရှိ
နေဆဲဖြစ်ပြီး အသင်းဘက်ကလည်း ဒါကိုသတိပြုမိနေပါတယ်။

ဒီနေ့မနက် အစောပိုင်းရဲ့ အသင်း အင်တာဗျုးအစီအစဥ်မှာ လီဗာပူးနည်းပြ ယာဂင်ကလော့ပ် က ၎င်းရဲ့ကွင်းလယ်ကစားသမားနာဘီ ကီတာရဲ့ အနာဂတ်
အရေးနဲ့ပတ်သက်ပြီး အခုလိုပြောကြားသွားခဲ့ပါတယ်။ 

"နာဘီ ကီတာ က လတ်တလောမှာ မထွက်ခွာသေးဘူးဆိုပေမယ့် အကယ်၍ ထွက်ခွာသည် ဖြစ်စေ ၊
မထွက်ခွာဘူးဖြစ်စေ ကျွန်တော်တို့ အစားထိုးမှူ့ ပြု
လုပ်ရပါမယ်။ ကျွန်တော်တို့အသင်းအတွက် အမြဲ
တမ်းအင်အားတောင့်တင်းဖို့ရာကြိုးစားနေပါတယ်၊
ခေါ်ယူဖြစ်မယ့်ကစားသမားကလည်း မှန်ကန်တဲ့ခေါ်
ယူမှူ့ တစ်ခုဖြစ်ရပါတယ်။ ဒီအချိန်မှာကျွန်တော်တို့အသင်းနဲ့ အံ့ဝင်မယ့် မှန်ကန်တဲ့ခေါ်ယူမှူ့တွေ မပြု
လုပ်နိုင်သေးဘူးဆိုရင် အသင်းမှာရှိနေမယ့် လူစာရင်းနဲ့ အတူ ကိုင်တွယ်ဖြေရှင်းသွားမှာပါ။"လို့ဆို
သွားခဲ့ပါတယ်။ 

အချို့သောသတင်းများအရကီတာ ရဲအနာဂတ်ဟာ
လာမယ့် ယူနိုက်တက်ရဲ့ပွဲစဥ်အပြီး ရက်သတ္တပတ်မှာ ပြတ်သားတဲ့ အဖြေတစ်ခု ထွက်လာနိုင်ကြောင်း ဆိုထားကြပါတယ်။

🔴𝙇𝙞𝙫𝙚𝙧𝙥𝙤𝙤𝙡 𝙁𝘾 - 𝙎𝙪𝙥𝙥𝙤𝙧𝙩𝙚𝙧𝙨 𝙛𝙧𝙤𝙢 𝙈𝙮𝙖𝙣𝙢𝙖𝙧

Tags

WhatsApp Google Map

Safety and Abuse Reporting

Thanks for being awesome!

We appreciate you contacting us. Our support will get back in touch with you soon!

Have a great day!

Are you sure you want to report abuse against this website?

Please note that your query will be processed only if we find it relevant. Rest all requests will be ignored. If you need help with the website, please login to your dashboard and connect to support